Friday, May 18, 2012

သယောဇဉ်မဲ့ အလွမ်း.....

ဝေးနေပြီဆိုတဲ့ အသိနဲ့
ခွဲခွါနေရ........ ပေမဲ့
သတိရခြင်းနဲ့လွမ်းတာတွေကို
သုဏ်းသပ် ဆန့်ကျင်ရင်း..
ကိုယ့်နှလုံးသားကို ကိုယ်က
ညာသလိုဖြစ်သွားခဲ့တယ်....ချစ်သူ

လွမ်းတယ်ဆိုပြီး အကြိမ်ကြိမ်အခါခါ
အော်ပြောနေတာ နှလုံးသားထဲမှာ
ပဲ့တင်မြည်းဟိန်းသွားလေရဲ့ ချစ်သူ..

မကြားနိုင်တော့ဘူးဆိုတဲ့ အသိနဲ့
ခေါင်းကိုမော့ ရင်ကိုကော့ပြီး..
စိတ်တင်းထားပေမဲ့ မနေ့တနေ့ကလိုပဲ..ချစ်သူ
အကြင်နာမျက်ဝန်းတွေနဲ့....
သံယောဇဉ် အပြုံးတွေကို...
ပြန်မြင်တွေးရင်.....တမ်းတမိလေရဲ့ချစ်သူ.....အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

1 comment:

  1. သိပ်ကိုကောင်းတဲ့ကဗျာလေးပါ ခံစားချက်ချင်တိုက်ဆိုင်နေလို့လားမသိဘူး
    ရင်ဘတ်ထဲကို ထိတယ်ဗျာ

    ReplyDelete

ရင်ထဲက စကားလေးတစ်ခွန်း ကြားပါရစေ...