Sunday, May 20, 2012

အလွမ်း နဲ့ ......အပြန်..


လက်ရှိအချိန်တွေမှာလဲ သတိရတယ်..
ကျန်နေတဲ့အချိန်တွေမှာ လွမ်းတယ်..
ထပ်လာမဲ့နာရီတွေကိုလဲကြောက်မိတယ်...
ချစ်သူ မင်းအတွက်  ထွန်းလင်ဖို့.
ငါ မှ မလိုတာ   ဆိုတဲ့အသိနဲ့...
နောက်ပြန်လှည့်  အထွက်.....
နှေးကွေ တုန့်ဆိုင်းနေတဲ့ ငါခြေလှမ်းတွေက
ငါ့ကို ခြေက်လှန့်စေခဲ့တယ်..ချစ်သူ
အားတင်းပြီး စလှမ်းတဲ့ ပထမခြေလှမ်းက..
အလွမ်းတွေကို ထမ်းပိုးရင်...
ဒယိမ်းဒယိုင်နဲ့..ငါနှလုံးသားက
ယိုစိမ့်ထွက်ကြလာတဲ့ စကားတစ်ခွန်းက.
မင်းကို အရမ်းချစ်တယ်ဆိုတာပဲ  ချစ်သူ....
ကြောက်နေ့တဲ အချိန်တွေနဲ့..
လွမ်းနေတဲ့ ငါစိတ်တွေအတွက်  
အကြင်နာအပြုံးလေသာ ခြွေချခဲ့ပါ ချစ်သူ....
                        အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

No comments:

Post a Comment

ရင်ထဲက စကားလေးတစ်ခွန်း ကြားပါရစေ...