Tuesday, February 5, 2013

        ဒီနေ့ပဲ ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်း  http://eainlwannthu.blogspot.com အာင်အောင် ပြန်သွားတဲ့ အမှတ်တရ အနေနဲ့ ကျွန်တော်ရဲ့ ဘောလော့ http://datthathiha.blogspot.com ပြန်လည်ရောက် ရှိခဲ့ပါတယ်. ကျွန်တော် ရဲ့ဘလော့ ကို အခုလို အသက်ပြန်ဝင်လာအောင် လုပ်ပေးလာခဲ့တဲ့ သူငယ်ချင်း အောင်အောင် တယောက် အောင်မြင်မှုပန်းတိုင် အမြန်ရောက်ပြီး ချစ်သူနဲ့ အမြဲမခွဲပဲ အမြဲထာဝရ ဘဝခရီပန်းတိုင် အမြန်ရောက်ပါစေ...ကျွန်တော်ရဲ့ မမေ့နိုင်တဲ့ သူငယ်ချင်း အောင်အောင် အတွက် အမှတ်တရအဖြစ် အရင်ကရေးထားတဲ့ ကဗျာလေးပြန်တင်ပေးလိုက်ပါတယ်...

eainlwannthu အောင်အောင်
COMPUTER...ဟူသည်
လုံးသည် ပြားသည် သူမသိပဲ
ဝါသနားကို အခြေခံ၍ ပညာရှင်မဟုတ်
ဝါသနာဖြင့် တည်ဆောက်ခဲ့တာ
"အိမ်လွမ်းသူ..." ပါ...။
ချစ်သူကိုလွမ်း အိမ်ကိုလွမ်းနဲ့
အလွမ်းများဝေ ရင်တွင်းကျေ၍
အလွမ်းပြေကြောင်း အကြောင်းပြုကာ
"အောင်အောင်..." တစ်ယောက် သူ BLOG အမည်
"အိမ်လွမ်းသူ..."ဟုပေးခဲ့သည်....။
တစ်နေ့တစ်နေ့ BLOG ပေါ်တက်
SOFTWARE တက်ဖက်နှင့်...
အိမ်ကိုလည်းမေ့ ချစ်သူမေ့နဲ့
တတ်သိဝါသနာ မျှဝေပေးရင်း
မည်သူမဆို "အိမ်လွမ်းသူ..."သို့
လာရောက်မွှေနှောက် လိုသည့် SOFTWARE
ကူးယူနိုင်အောင် ပြုလုပ်ထားသည်
သူငယ်ချင်းတို့...။
လာရောက်ဝင်လည် COMMENT ပေးလည်း
ရေးချင်ရာရေး စိတ်မဆိုးပဲ
ပျော်ရွှင်စေကြောင်း ပြန်ဆုတောင်းတာ
"အိမ်လွမ်းသူ.."မှ "အောင်အောင်.." ပါ...။

                                                                  အဏ္ဏဝါ(သင်္ချာ-ပြွန်တန်ဆာ)

No comments:

Post a Comment

ရင်ထဲက စကားလေးတစ်ခွန်း ကြားပါရစေ...