Thursday, May 31, 2012

ကမ်းတဖက်ရဲ့ လမ်းဆုံ....

လမ်းခြင်းတူလို့ လူခြင်းဆုံခဲ့ရင်..
ယူသွားလို့မရပေမဲ့ ခံစားလို့ရမှာပါ
ထပ်ခါထပ်ခါထုတ်ကြည့်လို့ မရပေမဲ့
ကြည်နူးခံစားလို့ ရပါတယ် ချစ်သူ....

ငါက..အလေ့ကြပေါက်ခဲ့ရင်တောင်
မင်းအတွက် ဆေးဖက်ဝင်ချင်သူပါ..
တစ်ကွင်းလုံးမှာ တစ်လုံးထဲနဲ့.....
လူအများကြီး ကစားတာကြည့်လို့ကောင်းပေမဲ့
နှလုံးသားထဲက မှန်ကန်တဲ့....
ချစ်ခြင်းမေတ္တာကို လူအများကြီးနဲ့
ကစားလိုမှ မကောင်းတာ ချစ်သူ....

တခါတလေမှာ ပြဿနာအတွက်
နှလုံးသားက အဖြေရှာပေနိုင်သလို
ကြည်နူးမှုပေးနိုင်တာကလဲ........
နှလုံးသားပဲလေ ချစ်သူ.....

နှလုံးသားနဲ့ ဖြေရှင်းဖို..
သိက္ခာကြမှာ ကြောက်နေရင်
ရင်ထဲမှာအပူ ဟပ်ပြီး...
ဘုရားမှာ အပူကပ်ရလိမ့်မယ် ချစ်သူ.......အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

4 comments:

  1. နှလုံးသားနဲ့ ဖြေရှင်းဖို..
    သိက္ခာကြမှာ ကြောက်နေရင်
    ရင်ထဲမှာအပူ ဟပ်ပြီး...
    ဘုရားမှာ အပူကပ်ရလိမ့်မယ် ချစ်သူ.
    ကဗျာ ကောင်းလေးဖတ်ခဲ့ရတယ်

    ReplyDelete
  2. လမ်းခြင်းတူလို့ လူခြင်းဆုံခဲ့ရင်..
    ယူသွားလို့မရပေမဲ့ ခံစားလို့ရမှာပါ
    ထပ်ခါထပ်ခါထုတ်ကြည့်လို့ မရပေမဲ့
    ကြည်နူးခံစားလို့ ရပါတယ် ချစ်သူ.... ကဗျာလေးဖတ်ခဲ့ပါတယ်။။

    ReplyDelete
  3. နောက်ဆုံးအပိုဒ်လေး လှတယ်ဗျာ....

    ReplyDelete
  4. ဘုရားမှာအပူမကပ်နဲ့ တရားသာရှုမှတ်..ဝင်တယ် ထွက်တယ် စိတ်က ဝင်တာထွက်တာနောက်မလိုက်သွားနဲ့ ဝင်တာလေးကိုသိလိုက် ထွက်တာလေးကိုလည်းသိ စစချင်းတော့ငြိမ်မှာမဟုတ်ဘူး ဝီရိယမလျော့နဲ့ သတိလေးထားပြီးပြန်ကပ် ........

    ReplyDelete

ရင်ထဲက စကားလေးတစ်ခွန်း ကြားပါရစေ...