Showing posts with label ကဗျာ.... Show all posts
Showing posts with label ကဗျာ.... Show all posts

Thursday, May 31, 2012

ကမ်းတဖက်ရဲ့ လမ်းဆုံ....

လမ်းခြင်းတူလို့ လူခြင်းဆုံခဲ့ရင်..
ယူသွားလို့မရပေမဲ့ ခံစားလို့ရမှာပါ
ထပ်ခါထပ်ခါထုတ်ကြည့်လို့ မရပေမဲ့
ကြည်နူးခံစားလို့ ရပါတယ် ချစ်သူ....

ငါက..အလေ့ကြပေါက်ခဲ့ရင်တောင်
မင်းအတွက် ဆေးဖက်ဝင်ချင်သူပါ..
တစ်ကွင်းလုံးမှာ တစ်လုံးထဲနဲ့.....
လူအများကြီး ကစားတာကြည့်လို့ကောင်းပေမဲ့
နှလုံးသားထဲက မှန်ကန်တဲ့....
ချစ်ခြင်းမေတ္တာကို လူအများကြီးနဲ့
ကစားလိုမှ မကောင်းတာ ချစ်သူ....

တခါတလေမှာ ပြဿနာအတွက်
နှလုံးသားက အဖြေရှာပေနိုင်သလို
ကြည်နူးမှုပေးနိုင်တာကလဲ........
နှလုံးသားပဲလေ ချစ်သူ.....

နှလုံးသားနဲ့ ဖြေရှင်းဖို..
သိက္ခာကြမှာ ကြောက်နေရင်
ရင်ထဲမှာအပူ ဟပ်ပြီး...
ဘုရားမှာ အပူကပ်ရလိမ့်မယ် ချစ်သူ.......အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

Monday, May 28, 2012

စကားတစ်ခွန်း ရဲ့ နောက်..

အကြည့်တစ်ချက် မှားလို့
ရင်ခုန်တာ ပြဿနာမရှိပေမဲ့
စကားတစ်ခွန်း မှားရင်
လူ့ဘဝ တစ်ခုလုံးယိမ်းယိုင်သွားနိုင်တယ် ချစ်သူ....

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို
အချိန်အတိုင်းအတာထားပြီး သုံးခဲ့မယ်ဆိုရင်
အချစ် သမိုင်းက ပစ္စုပ္ပန်မှာရော..
အနာဂတ်မှာပါ ဘယ်လှတော့မှာလဲ ချစ်သူ....

အနားမှာရှိတဲ့ သူတိုင်းကို..
ချစ်ချင်တာမှ မဟုတ်တာ ချစ်သူ..
ချစ်တဲ့ သူ ကိုသာအနားမှာ ရှိနေစေချင်တာပါ ချစ်သူ..

ဘဝတစ်ခုရဲ့ အနာဂတ်..
ချစ်သမိုင်း မှာ ချစ်သူလက်ကိုဆွဲပြီး
စံပြအချစ်နဲ့ ထာဝရ ......
ချစ်နေချင်သူပါ ချစ်သူ ချစ်သူ..                        .အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

Sunday, May 20, 2012

အလွမ်း နဲ့ ......အပြန်..


လက်ရှိအချိန်တွေမှာလဲ သတိရတယ်..
ကျန်နေတဲ့အချိန်တွေမှာ လွမ်းတယ်..
ထပ်လာမဲ့နာရီတွေကိုလဲကြောက်မိတယ်...
ချစ်သူ မင်းအတွက်  ထွန်းလင်ဖို့.
ငါ မှ မလိုတာ   ဆိုတဲ့အသိနဲ့...
နောက်ပြန်လှည့်  အထွက်.....
နှေးကွေ တုန့်ဆိုင်းနေတဲ့ ငါခြေလှမ်းတွေက
ငါ့ကို ခြေက်လှန့်စေခဲ့တယ်..ချစ်သူ
အားတင်းပြီး စလှမ်းတဲ့ ပထမခြေလှမ်းက..
အလွမ်းတွေကို ထမ်းပိုးရင်...
ဒယိမ်းဒယိုင်နဲ့..ငါနှလုံးသားက
ယိုစိမ့်ထွက်ကြလာတဲ့ စကားတစ်ခွန်းက.
မင်းကို အရမ်းချစ်တယ်ဆိုတာပဲ  ချစ်သူ....
ကြောက်နေ့တဲ အချိန်တွေနဲ့..
လွမ်းနေတဲ့ ငါစိတ်တွေအတွက်  
အကြင်နာအပြုံးလေသာ ခြွေချခဲ့ပါ ချစ်သူ....
                        အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)

Friday, May 18, 2012

သယောဇဉ်မဲ့ အလွမ်း.....

ဝေးနေပြီဆိုတဲ့ အသိနဲ့
ခွဲခွါနေရ........ ပေမဲ့
သတိရခြင်းနဲ့လွမ်းတာတွေကို
သုဏ်းသပ် ဆန့်ကျင်ရင်း..
ကိုယ့်နှလုံးသားကို ကိုယ်က
ညာသလိုဖြစ်သွားခဲ့တယ်....ချစ်သူ

လွမ်းတယ်ဆိုပြီး အကြိမ်ကြိမ်အခါခါ
အော်ပြောနေတာ နှလုံးသားထဲမှာ
ပဲ့တင်မြည်းဟိန်းသွားလေရဲ့ ချစ်သူ..

မကြားနိုင်တော့ဘူးဆိုတဲ့ အသိနဲ့
ခေါင်းကိုမော့ ရင်ကိုကော့ပြီး..
စိတ်တင်းထားပေမဲ့ မနေ့တနေ့ကလိုပဲ..ချစ်သူ
အကြင်နာမျက်ဝန်းတွေနဲ့....
သံယောဇဉ် အပြုံးတွေကို...
ပြန်မြင်တွေးရင်.....တမ်းတမိလေရဲ့ချစ်သူ.....အဏ္ဏဝါ-(သင်္ချာပြွန်တန်ဆာ)